မ၊မကောင်းတယောက်ဖြစ်ဖို့
မ၊မချေတယောက်စော် မွီးရာပါ ရုပ်မလှချင်နိန် ယကေလေ့ ဘဝကိုဒေါ့ကေ အလှပလှ ချေ ရှင်သန်သင့်ရေ။ ဇာအချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံရေ အသိပညာ၊ ကောင်းမွန်ရေ စာရိတ္တ၊ ထက်မြက်တေ အပြုအမှု၊ သိမ်မွိရေ အပြောအဆို၊ မြင့်မြတ်တေ စိတ်နိန်သဘောထားတိနန့် မိတ္တာပြည့်ဝရေ နှလုံးသားတစုံ သျှိနိန်ရေ မ၊မချေတယောက်စော် ရုပ်ရည်မလှသည့်တိုင် ဘဝ ကို လှပစီနိုင်ရေ။ ဘဝကို အလှပလှရှင်သန်နိုင်သူစော် လှပရေ စိတ်ခံစားမှု၊ အဆင့်တခု၊ စိတ် ဝိညာဉ်တခုကို ပိုင်ဆိုင်နိုင်ဖို့ဖြစ်တေ။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွိ ဇာသူတဦးတယောက်က လေ့ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်လီဖို့မဟုတ်။
တချို့က မ၊မချေတိစော် “တောင်တန်း” လတ်။ လှပဝင့်ထည်ပနာ သဘောထားကြီး ရေလတ်။
တချို့က မ၊မချေတိစော် “ရီ” လတ်။ နူးညံ့ပျော့ပျောင်းပနာ ညင်သာရေလတ်။
မ၊မကောင်းဆိုစော် စာအုပ် ဖြစ်တေ။ အသိပညာတိနန့် ပြည့်နှက်လို့နိန်ရေ။
မ၊မကောင်းဆိုစော် ဆိပ်ကမ်း ဖြစ်တေ။ ဘေးဒုက္ခကြုံသူတိကို လလုံခြခြုံ နားခိုခွင့်ပီးရေ။
မ၊မကောင်းဆိုစော် အရက် ဖြစ်တေ။ မွှီးကြိုင်ခြင်းနဲ့ ပြည့်စုံရေ။
မ၊မကောင်းဆိုစော် အဖန်ရည် ဖြစ်တေ။ အရသာခံလို့သောက်လီ ပိုအရသာသျှိလီ။
မ၊မကောင်းဆိုစော် တက်မ ဖြစ်တေ။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပီးရေ။
မ၊မကောင်းဆိုစော် သျှု့ခင်း ဖြစ်တေ။ ရာသီအလိုက် ရောင်စုံပန်းမံတိနန့် လှပစီရေ။
မ၊မကောင်းဆိုတိုင်း ရုပ်ရည်လှပနိန်မှမဟုတ်။ ဖြူစင်ရိုးသားရေစိတ် သျှိရေ။ ကျော် ကြားခြင်းနန့် ကြွယ်ဝခြင်းရို့ ဖျားယောင်းမြူဆွယ်မှုတိကြောင့် စိတ်ကို မညစ်နွမ်းစီဘဲ ကိုယ့် လမ်းကိုကိုယ် ဆက်လျှောက်တေသူ၊ လုပ်သင့်စော်ကို ဆက်လုပ်သူဖြစ်တေ။ အနိမ့်အကျ၊ ဆင်းရဲဒုက္ခ နန့် ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ဂေါင်းကိုမော့ပနာ အပြုံးမပျက်သူဖြစ်တေ။
ရိုးသားကြင်နာခြင်းဆိုစော် လောကမာ အလှဆုံးပန်းတပွင့်ဖြစ်တေ။ ဇာသူတဦးတ ယောက်ကလေ့ ယင်းပန်းဖူးပွင့်လာဖို့စော်ကို ငြင်းဆန်ကတ်လီဖို့မဟုတ်။ မ၊မကောင်းဆိုစော် မိခင်ကောင်း၊ ဇနီးမယားကောင်းတဦးလဲဖြစ်တေ။ မ၊မကောင်းဆိုစော် အလှဆုံးပန်းတပွင့်ဖြစ် တေ။ မ၊မကောင်းတိစော် ကိုယ့်ဘဝခရီးတလျှောက်ကို ပန်းတပွင့်မာသျှိသင့်သျှိထိုက်တေ ကြန်အင်လက္ခဏာတိနန့် ပြည်စုံစီရေ။
မ၊မကောင်းတိက မျက်ရည်နန့် အပြုံးကို ကွယ်ဝှက်ထားစရာမလို။ ရိုးသားကြင်နာခြင်း စော် သာမန်မ၊မချေတယောက်ကိုတောင် ပိုလို့လှပအရောင်ထွက်စီရေ။ ကိုယ့်ကိုယ်တိုင်ကိုလဲ ချစ်ခင်နှစ်သက်တေ၊ ဆွီမျိုးသားချင်းတိကိုလဲ ချစ်တတ်တေ၊ သငယ်ချင်း မိတ်ဆွေတိကိုလဲ ချစ်ခင်တတ်တေ၊ သဘာဝ၊ သက်သျှိအားလုံးကို ချစ်စရာလို့မြင်တတ်တေ၊ ချစ်စရာလို့ တွီး တတ်တေ နှလုံးသားထဲ ချစ်ခြင်းမိတ္တာသျှိရေ မ၊မချေတယောက်စော် ဇာလောက်ထိ ရုပ်ဆိုး နိန်လီပတ်စီ သူ့မျက်ဝန်းထဲကနိန် နွီးထွီး၊ ကြင်နာရေ အရိပ်တိကို တွိနိုင်ရေ။ လင်းလက်တေ အပြုံးကို တွိမြင်နိုင်ရေ။
မ၊မကောင်းဆိုစော် စားပွဲထက်မာ အလှထားရေ ပန်းအိုးမဟုတ်။ သူတပါး တန်ဆာ ဆင်မှ လှစော်မဟုတ်။ မ၊မကောင်းဆိုစော် ကိုယ့်ကိုယ်ကို လေးစားမှုသျှိရရေ၊ ပျော့ညံ့သူမ ဟုတ်၊ ယောက်ျားတိကို မှီခိုသူမဟုတ်။ ယောက်ျားတိနန့် တတူ ဒိုးဒူဘောင်ဖက် ကူညီထမ်း ရွက်ယင်း လောကကြီးကို ပိုလို့လှပလာအောင် ဖန်းဆင်းပီးနိုင်သူတိဖြစ်တေ။ ယကေလေ့ ရိုးသျှင်းရေဘဝမာကျကေ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနန့် ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျကျီပပွန် ဆောင် ရွက်ပနာ နားလည်မှုနန့် လေးစားမှုကို အောင်နိုင်ရယူသူတိဖြစ်တေ။
မွီးရပ်မြီကို အကျွန် မရွီးချယ်နိုင်ခ။ မွီးရာပါရုပ်ရည်လှပဖို့ကိုလည်း အကျွန် မစွမ်းဆောင် နိုင်ခ။ ဆင်းရဲသားမိသားစု၊ ချမ်းသာရေမိသားစုမာ မွီးလာနိုင်အောင်လဲ အကျွန့်မာ ရွီးချယ်ခွင့် မသျှိခ။ ယကေလေ့ ရုပ်ရည်မလှပလို့၊ မချမ်းသာလို့ဆိုပနာ အကျွန်ရို့ သိမ်ငယ်စိတ်နန့် အား ငယ် နိန်ဖို့မလို။ စိတ်လှဖို့အတွက်ကို အကျွန်ရို့ကိုယ်တိုင်လုပ်နိုင်ပါရေ။
‘လှရေပရေ’ ဆိုစော် ပိန်စော်၊ ဝစော်၊ အရပ် တိုစော်၊ ရှည်စော်နန့် မဆိုင်။ မျက်နှာ ပေါက် လှရေ၊ မလှနန့်လဲ မဆိုင်။ သဘာဝနန့်ရာ ဆိုင်ရေ။ ဆွဲဆောင်နိုင်ရေ အရည်အချင်းနန့် ပိုဆိုင်ရေ။ ပြင်ပအလှဖြစ်တေ ရုပ်ဆိုးရေ၊ ဝရေ၊ ပိန်ရေ၊ တိုရေ၊ ရှည်ရေ ဆိုစော်တိကို ပြောင်းလဲဖို့ခက်ခဲကေလေ့ အဂယောင့် စိတ်ထဲကဖြစ်လာရေ ကြီးနူးချစ်စရာအလှကို လူတိုင်း လုပ်ယူနိုင်ရေ။ ကျင့်ကြံနိုင်ရေ။
(၁) နာလိုစိတ်မသျှိရေ မ၊မချေတိစော် အီးဆီး တည်ငြိမ်ရေ။ မျက်နှာက လမင်းပိုင် ကြည်လင်ဝင်းပရေ။
(၂) အမုန်းရန်ငြိုးမသျှိရေ မ၊မချေတိစော် နူးညံ့သိမ်မွိရေ။ မျက်ဝန်းထဲမာ စစ်မှန်ရေ ရိုးသားမှုတိသျှိရေ။
(၃) စကားပြောကေ ညညင်သသာ၊ ပပျော့ပပျောင်းနန့် ပြောတတ်တေမ၊မချေတိ စော် ပန်းချေတပွင့်နန့်တူရေ။
(၄) ရမ္မက်လောဘ ကင်းသျှင်းရေ မ၊မချေတိစော် မြင့်မြတ်တေရုပ်သဏ္ဍန်ကို ဆောင်ရေ။ ရည်မွန်ကြော့သျှင်းရေ။
(၅) စိတ်ကြီးမဝင်ရေ မ၊မချေတိစော် ရိုးသားစစ်မှန်မှုကိုပြရေ။ စိမ့်စမ်းရီပိုင် အီးမြ ကြည်လင်ရေ။
(၆) ပတ်ဝန်းကျင်အသိုင်းအဝိုင်းတိအားလုံးကို ချစ်ခင်နှစ်သက်တတ်တေ မ၊မချေ စော် တန်းတူမိတ္တာနန့် ပီးဆပ်တေ မိခင်ပိုင် မိတ္တာရောင်ခြီထွန်းတောက်တေ။ ညှာတာကြင်နာ ရေ။
(၇) အလိုမကြီး၊ မငြီးတွားတတ်တေ မ၊မချေတိစော် ကြည်လင်ပနာ စိတ်ပါ ကိုယ်ပါ ကျန်းမာဇီရေ။
(၈) အာရုံစိုက်ပနာ လုပ်တတ်တေ၊ စိတ်ရိုးသျှင်းရေ မ၊မချေတိစော် အသားအရီဝင်း ပပြီးကေ တည်ကြည်ရေ။ ‘လ’ ကထွက်တေအလင်းရောင်ပိုင် ကြည်လင်ပနာ ဆွဲဆောင်မှုပြည့် လို့နိန်ရေ။
ယင်းအတွက်နန့် ဇာပိုင်ဘဲပြောပြော ရုပ်လှရေ မ၊မချေပါ၊ ရုပ်မလှရေ မ၊မချေတိပါ ဘဝ ကိုအလှပချေ ဖြတ်သန်းပြီးကေ နိန်ထိုင်ဖို့စိတ်ကူးကေ စိတ်ကိုလှအောင်မွီးမြူပနာ ရှင်သန်နိန် ထိုင်သင့်ပါရေ။
စာရီးဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ချက်ကို ရခိုင်လီသံနန့် သင့်တင့်လျောက်ပတ်အောင် ပြန်ရီးပါရေ။
ဖိုးခေါင်
၁.၄.၂၀၁၁
နယူးဒေလီ၊ အိန္ဒိယနိုင်ငံ။